။ ဝေ ဒ နာ အိမ် ။

။ မငြိမ်တဲ့အသိကတိမ်နေတဲ့အရာတွေကိုအားလုံးမသိသလိုဘဲနက်နဲခက်ခဲတဲ့ဉာဏ်အသိတွေလည်းနားလည်မှာမဟုတ်။ ။ မငြိမ်တဲ့စိတ်ကအငြိမ်အငြိမ်းကိုမနှစ်သက်သလိုဘဲမငြိမ်းခြင်းကြောင့်အပူအပင်တွေလာပြီးကိန်းတာပါပဲ။ ။ ပူပင်မှုမငြိမ်မှုမငြိမ်းမှုမငြှိမ်းတတ်မှုကြောင့်အနုသယတွေကိလေသာတွေတဏှာတွေမာနတွေတိုးတိုးကြိတ်ကြိတ်မဆိတ်သုဉ်းနိုင်ဘဲရှိနေဖြစ်နေလေတော့အစွဲအလမ်းတွေမကွာမခွာနိုင်လို့ဘဝအတွက်ပေးဆက်မကုန်နိုင်ဘဲပေါ့။ ။ ဒီနေ့တော့မေ့ဆေးမပြယ်တတ်တဲ့ဘဝအတွက်စိတ်ဆေးအဖြေတစ်ပါးသိဖို့ဝေဒနာအိမ်ကိုလေ့လာပါဝေဒနာမှတဏှာမဖြစ်ပါစေနဲ့တဲ့။ တောမှီရဟန်း(၁၃.၆.၂၀၂၂) ရက်နေ့ညနေခင်း။